သံတောင်ကြီး ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားရာ နောက်ဆုံးနေ့(သိပ္ပံ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်တွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4၊ Grade – 6 ၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ ပျော်ရွှင်စွာ ပညာသင်ယူခဲ့ကြပြီး ယနေ့၌ အတန်း တင်စာမေးပွဲ နောက်ဆုံးနေ့(သိပ္ပံ)ဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။ အဆိုပါစာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးနှင့် တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
နော်နော်မူ