သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသ

သံတောင်ကြီး ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူက ဘာလုပ်သလဲ၊ လူကုန်ကူးသူကဘယ်လို လုပ်ဆောင်လဲ၊ လူကုန်ကူးခြင်းအမျိုးအစား၊ လူတွေဟာ ဘာကြောင့်လူကုန်ကူးခံရသလဲ၊  လူကုန်ကူးသူတွေရဲ့နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါကဆက်သွယ်ရမည့်ဖုန်းနံပါတ်များ  စသည့်အကြောင်းအရာများအား ပြသပေးခဲ့ကြောင်း သိရသည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်နှင့်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ