ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲများ စတင်ဖြေဆို

ကျောက်ဆည် ‌ဖေဖော်ဝါရီ ၂၁

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီ(၂၀)ရက်နေ့မှစ၍ အခြခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲများ စတင်ဖြေဆိုလျက်ရှိသည်။

အခန်းဆုံးစာမေးပွဲများဖြေဆိုရာတွင် အခြေခံပညာကျောင်းများမှ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း)ကျောင်းများမှ ကျောင်းသား (၁၈၂၃၆)ဦး၊ ကျောင်းသူ(၁၈၈၅၀)ဦး စုစုပေါင်း (၃၇၀၈၆)ဦး၊ ပုဂ္ဂလိက(မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းများမှ ကျောင်းသား(၁၄၇၁)ဦး၊ ကျောင်းသူ(၁၅၁၇)ဦး စုစုပေါင်း (၂၉၈၈)ဦး၊ ဘုန်းတော်ကြီးသင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ပညာရေးကျောင်းများမှ ကျောင်းသား(၁၅၆၀)ဦး၊ ကျောင်းသူ(၁၂၇၉ )ဦး စုစုပေါင်း (၂၈၃၉)ဦး ဖြေဆိုခဲ့ကြပြီး ကျောက်ဆည်မြို့နယ်အနေဖြင့် စုစုပေါင်း ကျောင်းသား(၂၁၂၆၇)ဦး၊ ကျောင်းသူ (၂၁၆၄၆)ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ပိုင်ပိုင်ကျော်