မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများ၌  နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

မြစ်သား  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများက နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်တော်ကြီး ပညာသင်ကျောင်းများတွင်နှစ်ဆုံး စာမေးပွဲဖြေဆိုရာ၌ Grade-4 ကျောင်းသား၊ ကျောင်းသူများ (၄၀၃၀)ဦး၊ Grade-6 ကျောင်းသား၊ ကျောင်းသူများ (၂၆၈၀)ဦး၊ Grade-7 ကျောင်းသား၊ ကျောင်းသူများ(၁၇၈၈)ဦး၊ Grade-8 ကျောင်းသား၊ ကျောင်းသူများ(၁၁၀၆)ဦး၊ Grade10  ကျောင်းသား၊ ကျောင်းသူများ(၁၂၅၅)ဦး၊Grade- 11  ကျောင်းသား၊ ကျောင်းသူများ (၉၈၄)ဦးတို့သည် တစ်နေ့လျှင် တစ်ဘာသာ ဖြေဆိုကြရကြောင်း သိရသည်။

စာမေးပွဲများ ဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးဒေါ်ပြုံးကြည်၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြ၍ ဆရာ၊ ဆရာမနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)