ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု အတန်းတင် စာမေးပွဲများ ဖြေဆိုလျက်ရှိ

ချမ်းမြသာစည် ဖေဖော်ဝါရီ    ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် ထက်/လယ်/မူ စုစုပေါင်း (၃၄) ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်ကျောင်းများဖြစ်သည့် မူလတန်းအဆင့် Grade-4၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ထိနှင့် အထက်တန်းအဆင့် Grade-10 မှ Garde-12 အထိ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 တို့က မတ်လ ၃ ရက်နေ့စတင်၍ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့