ကော့ကရိတ် ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်း ၈ နာရီမှ စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများသည် ပင်စင်လစာငွေများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့နံနက်ပိုင်းမှစ၍ အစိုးရရုံးဖွင့်ရက်များတွင် မိမိတို့အဆင်ပြေသည့်နေ့ရက်၌ လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲ မရှိစေရေး စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)