ကျောက်ဆည်မြို့နယ်တွင် စပါးတစ်ဧက ပန်းတိုင်းအထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် GW-11 စပါးမျိုးများ စတင်ပျိုးထောင်

ကျောက်ဆည် ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  ကျောက်ဆည်မြို့နယ်တွင်  ဒေသတွင်းဆန်းစပါး ဖူလုံ ပိုလျှံစေရေး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေးစပါးဧက ပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိရေး သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် GW-11 စပါးမျိုးများ စတင်စိုက်ပျိုးထောင် လျက်ရှိကြောင်း သိရှိရသည်။

သိပ္ပံနည်းကျစနစ်ဖြင့် GW-11 စပါးမျိုးများကို တိုင်းကျေးရွာအုပ်စု၊ အင်တိုင်းကျေးရွာ ကွင်အမှတ်(၁၄၉)၊ တောင်သူဦးအေးလွင်၏ စိုက်ဧက(၃)ဧကခွဲတွင် စိုက်ပျိုးရန်အတွက် ပျိုးထောင်းခြင်းဖြစ်ကြောင်း၊ စပါးတစ်ဧက စိုက်ပျိုးရန်အတွက် မျိုးစေ့(၂၀)KG၊ (၁၄)ပြည်နို့ဆီဘူး(၃)ဘူး အသုံးပြုကာ ပျိုးထောင်ရာတွင် မျိုးစေ့အလေအလွင့် မရှိစေရေး ပျိုးစေ့ကျဲကျဲ ပျိုးထောင်းပြီး ဖွဲပြာအုပ်ဖြူးပေးရကေကြာင်းနှင့် သိပ္ပံနည်းကျ စိုက်နည်းစနည်းစနစ်ဖြင့် စိုက်ပျိုးမည်ဖြစ်သောကြောင့် ပျိုးတတ်ပွားစေရန် ပျိုးသက်နုချိန်(၂၅)ရက်သားတွင် ပြောင်းရွှေ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့စိုက်ပျိုးရာတွင် ကောက်ကွက်တစ်ကွက်တွင် ပျိုးပင်(၂)ပင်မှ(၃)ပင်နှုန်းဖြင့် တန်းကြား (၈)လက်မ၊ ပင်ကြား(၆)လက်မ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၁၅)ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနုတ်ခြင်း၊ တမန်းနှိုးခြင်းနှင့် ကောက်ကွက်ဖာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၄၅) ရက်တွင် ဒုတိယအကြိမ် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများဆောင်ရွက်ပြီး (၆၅)ရက် သန္ဓေကပ်ချိန်နှင့် (၁၀၅)ရက်သားတွင် မြေဩဇာကျွေးခြင်းများ ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ရက်ပေါင်း (၁၃၅)ရက်ကျော်လွန်ပါက စပါးများစတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

 စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းကာ မြေပြုပြင်ပျိုးထောင်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ နည်းပညာများ ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)