မြစ်သား ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်ရွက်သည့်ဆောင်းနေကြာဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ အထွက်နှုန်းကောင်း စေရေးနှင့်ဝင်ငွေတိုးစေရေးရည်ရွယ်၍ ရွှေကုန်းကျေးရွာရှိ ရွှေကုန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးလှထွန်း ကွင်းအမှတ် (၄၉၇) က၊ ဦးပိုင်အမှတ် (၁၂/၁၀၁)ရှိ စိုက်ဧက (၃.၀၀) ဧကတွင်ရေဆင်းစပ်မျိုး (၁)မျိုးဆောင်းနေကြာသီးညှပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းသဒသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက တောင်သူဦးကြီးများကို သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုး ထုတ်လုပ်ရန်လိုအပ်ကြောင်း သို့မှသာ စိုက်ပျိုးသည့် သီးနှံတစ်ဧကအထွက်နှုန်းတိုးပြီးဝင်ငွေ တိုးတက်ရရှိမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုး၊ မြေ၊ ရေနည်း(၄)မျိုးကို ဟန်ချက်ညီညီဆောင်ရွက်သွားရန်လိုကြောင်းရှင်း လင်းပြောကြားခဲ့သည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းသဒသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသား တောင်သူများကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)