ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပုသိမ်ကြီးမြို့နယ်၊ သမဝါယမအသင်းစုရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက အခြေခံသမဝါယမအသင်း အသင်းအမှုဆောင်များဖြင့် တွေ့ဆုံ၍ သမဝါယမလုပ်ငန်းများအကြောင်း အကျယ်တဝင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် သမဝါယမဦးစီးဌာနအနေဖြင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ဝါ၊ နေကြာများ စိုက်ပျိုးရန်ကိစ္စရပ်များ၊ အခြေခံသမဝါယမအသင်းများ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသင်းများဖွဲ့စည်းမှုမှန်ကန်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့် အခြေခံသမဝါယမအသင်း (၃၉) သင်းမှ အသင်းအမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို