ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို၊ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်စေရန်အတွက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းရှင်းလင်းဟောပြောလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အောင်မင်္ဂ လာရပ်ကွက် မဟာဗောဓိဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ရန်နောင်စိုးတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး ဖတ်ကြားရှင်းလင်းကြပြီး၊ တက်ရောက်လာသူများမှ မေးမြန်းသည်များကို ပြန်လည် ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အောင်မင်္ဂလာရပ်ကွက်မှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူများ စုစုပေါင်း ၁၂၃ ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)