ပြည်ကြီးတံခွန်မြို့နယ်တွင်  ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၁

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံငွေ ပေးအပ်ခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး  အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်ကြီးတံခွန်မြို့နယ်(၁၈)ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ပြည်သူများကို တစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၉၁၉)ဦးအတွက် ထောက်ပံ့ငွေ(၁၈၃၈၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးတို့မှ ထောက်ပံ့ငွေများကို ယာယီနေရပ်စွန့်ခွာပြည်သူများထံလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌‌ရေးမှူးများ၊ရာအိမ်မှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်