မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသ

မြစ်သား  ဖေဖော်ဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မီးသတ်ဦးစီးဌာနရုံးတွင်  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်ကာ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီက အဆိုပါခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာသရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်က လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မီးလောင်မှုဖြစ်ပွားသည်ကို မိမိတို့ပတ်ဝန်းကျင်တွင်တွေ့ရှိပါက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များကို မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းပုံမီးသတ်နည်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှုလက်တွေ့  သရုပ်ပြခဲ့ကြသည်။

အဆိုပါ အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုသရုပ် ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)