ကော့ကရိတ် ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့နယ်အဆင့်သဘာဝဘေးဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဒေါနခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အကြမ်းဖက်သောင်းကျန်းသူများကြောင့် ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား နိုင်ငံတော်မှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ လစဉ်ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်း ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ ပေးအပ်သည့် တာဝန်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အပြန်အလှန် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)