သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

သံတောင်ကြီး ဖေဖော်ဝါရီ  ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများက  မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန် ယမန်နေ့မွန်းလွဲ()နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မြန်မာနိုင်ငံသို့ ဘိန်းစတင်ဝင်ရောက်လာပုံ၊ မူးယစ်ဆေးဝါး မသုံးစွဲမိစေရန်လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် လူငယ်လူရွယ်များက စိတ်ပါ ဝင်စားစွာလာရောက် ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်   ပြည်သူများ ကျောင်းသူကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ