သံတောင်ကြီး ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ Grade -1 ကျောင်သား၊ ကျောင်းသူများ အာဟာရကျွေးမွေးခြင်းကို ဖေဖော်ဝါရီလ ၁၉ နေ့နံနက် ၁၁ နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အာဟာရကျွေးမွေးခြင်းကို ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG တန်း ကျောင်းသား၊ ကျောင်းသူများကို ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးနှင့် ဆရာမများက ထမင်း၊ ကြက်သားနှင့်အသီးအနှံများကို ပြင်ဆင်ချက် ပြုတ်ကျွေးမွေးခဲ့ကြောင်းနှင့် အဆိုပါအဟာရ ကျွေးမွေးခြင်းကို ယခုတတိယအကြိမ် ကျွေးမွေးခြင်းဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှသိရသည်။
နော်နော်မူ