ပင်လောင်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲ တတိယလုပွဲတွင် ရန်ကင်းလူငယ်ဘောလုံးအသင်းက ထီတလိလူငယ်ဘောလုံးအသင်းအား သုံးဂိုးတစ်ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် မိုးဦးလူငယ်ဘောလုံးအသင်းက ရင်းမှီးလူငယ်ဘောလုံးအသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ငါးဂိုးလေးဂိုး အနိုင်ရရှိကြကြောင်း သိရသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ပထမဆုရရှိသည့် မိုးဦးလူငယ်ဘောလုံးအသင်းအား ဆုဖလားနှင့် ငွေသားဆုကျပ် (၁၅)သိန်း ပေးအပ်ချီးမြှင့်ပြီး၊ ဒုတိယဆုရရှိသည့် ရင်းမှီးဘောလုံးအသင်းအား ဆုဆွဲပြားနှင့်နှင့် ငွေသားဆုကျပ်(၁၀)သိန်း၊ တတိယဆုရရှိသည့် ရန်ကင်းဘောလုံးအား ဆုဆွဲပြားနှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ဆုရရှိသည့် ဘောလုံးအသင်းသားများနှင့် တာဝန်ရှိသူများက စုပေါင်းအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း ဌာနဆိုင်ရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ဆုရရှိသည့် ဘောလုံးအသင်းသားများနှင့် တာဝန်ရှိသူများက စုပေါင်းအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)