ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၂)ဦး ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် သွားရောက်တာဝန်ထမ်းဆောင်မည်

 

ကွမ်းလုံ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၂)ဦးသည် ရန်ကုန်တိုင်း ဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ဒီဇင်ဘာ ၅ ရက်နေ့တွင် သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် စေတနာ့ဝနထမ်း (၂)ဦးအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းက ဂုဏ်ပြုပွဲကျင်းပ ပြုလုပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက ဂုဏ်ပြုထောက်ပံ့ငွေ ကျပ်(၄)သိန်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ငွေ ကျပ်တစ်သိန်း နှစ်သောင်းနှင့် ဆန်(၂)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုင်းခိုင်ဇော်(ကွမ်းလုံ)