မိုင်းယု ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ခရီးသွားဒေသခံပြည်သူ တာချီလိတ်မြို့နယ်မှ ပြန်လည်ဝင်ရောက်လာသူ(၈)ဦးကို ယနေ့ နံနက် ၆ နာရီက Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် မိုင်းယုမြို့ ဒွန်နွဲ့ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဝေဝေလွင်နှင့် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့တို့က တာချီလိတ်မြို့နယ်မှ ခရီးသွားကာ ပြန်လည်ဝင်ရောက်လာသူ မြို့မရပ်ကွက်တွင် သီးသန့်နေရာ၌ Facility Quarantine(၁၄)ရက်ထားရှိသူ (၂)ဦးနှင့် မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ အ.မ.ကကျောင်းတွင် ထားရှိသူ (၆)ဦး၊ စုစုပေါင်း (၈)ဦးတို့ကို နှာခေါင်းတို့ဖတ်ကိုရယူပြီး Antigen (RDT)Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိကြောင်း၊ ၄င်းတို့ကို ဒီဇင်ဘာ ၁ ရက်နေ့ကစတင်၍ သီးသန့်နေရာ၌ Facility Quarantine(၁၄)ရက်ထားရှိစေခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၉ ရက်နေ့က မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအနီးတွင် Quarantineခံယူနေသူ (၂၈)ဦးတို့၏ ပိုးစစ်ဆေးချက် Swabအဖြေမှာ အားလုံး (Negative)ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)