ဒေါ့ဖုန်းယန် ဒီဇင်ဘာ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီက စတင်၍ ဖာကေ၊ အူထန်ယန်ကျေးရွာများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်)ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပိုလီယိုအစက်ချ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ဝက်သက်နှင့် ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း မေးခိုင်နှင့်ဆုံဆို့နာ ရောဂါကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင်သန်ချဆေးနှင့် သံဓာတ် အား ဆေးများတိုက်ကျွေးခြင်း ဆီးချိုရောဂါ၊ ငှက်ဖျား၊ HIV ကာလသားရောဂါ၊ သွေးအားနည်းခြင်းရှိ/မရှိ သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ (၃)ရက်နေ့က ဖာကေ၊ အူထန်ယန်ကျေးရွာများတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၄) ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၂)နှစ် အောက်ကလေး(၂၃)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၃၉)ဦးတို့ကို ကျေးလက်ကျန်းမာရေး ဆရာမ ဒေါ်ဆိုင်းနန်၊ သားဖွားဆရာမ ဒေါ်ရီနွယ်ဝင်းနှင့် ဝန်ထမ်းများက တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြသက်( ပြန်/ဆက် )