ပိုင်ကျုံ ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အ-မ-က ပိန္နဲကုန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူများကကျောင်း မြတ်ဆရာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ.ထ.ကပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက စနစ်သစ်ပညာရေးစနစ်အကြောင်း သိစရာများ၊ မိဘ၊ ဆရာ ပူးပေါင်းကလေး ပညာကောင်း၊ ကလေးများပညာရေး ဆုံးခန်း တိုင်အောင် သင်ကြားနိုင်ရေးအတွက် မိဘများ ဝိုင်းဝန်းဆောင်ရွက်ရန်စသေ ာအကြောင်းများကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အ-မ-က ပိန္နဲကုန်းကျောင်းအုပ် ဆရာမကြီး က ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွင်း ကျောင်းသားလူငယ်များ ပညာသင်ယူနိုင် ရေအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသည့် စေတနာရှင်/အလှူရှင်များနှင့် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ငွေအားလူအားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဆရာ/မများအား ဂုဏ်ပြု အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ကျောင်းသား လူငယ်များက တေးသီချင်း သရုပ်ဖော်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)