သံတောင်ကြီး ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ KG တန်း ကျောင်သား၊ ကျောင်းသူများ အဟာရကျွေးမွေးခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အာဟာရကျွေးမွေးခြင်းကို ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG တန်း ကျောင်းသား၊ ကျောင်းသူများကို ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးနှင့်ဆရာမများက ထမင်း၊ ကြက်ဉနှင့်အသီးအနှံများကို ပြင်ဆင်ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်းနှင့် အဆိုပါ အာဟာရကျွေးမွေးခြင်းကို ယခုကဲ့သို့ဒုတိယအကြိမ် ကျွေးမွေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
နော်နော်မူ