သံတောင်ကြီးမြို့တွင် သဘာဝအတိုင်း ပေါက်ရောက်သည့် လာကုတီဉများ ဈေးကောင်းရရှိ

သံတောင်ကြီး ဖေဖော်ဝါရီ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော  နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် ရာသီထွက်သီးနှံများ ရှာပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် သဘာအတိုင်းပေါက်ရောက်လျက်ရှိသော လာကုတီဉများ ခုတ်ယူရောင်းချရာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ (လာကုတီ)များသည်  သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော နွယ်ပင်အမျိုးအစားတစ်မျိုး ဖြစ်ကာ အများအားဖြင့် ကျောက်တုံးများပေါ်တွင် တွယ်ကပ်၍ ပေါက်ရောက်လျက်ရှိသည်။ သဘာဝအလျောက် ပေါက်ရောက်သည့် လာကုတီဉများကို ဉယျဉ်ခြံများနှင့်တောတောင်များတွင် ဒေသခံပြည်သူများက သွားရောက်ရှာဖွေကြသည်။ ရရှိလာသည့် လာကုတီဉများကို ပါးလွှာအောင် လှီးဖြတ်ပြီး နေပူဖြင့် ခြောက်လှန်းပေးရသည်။ ခြောက်ပီးသောလာကုတီဉများကို တောင်ငူမြို့ရှိ အဝယ်တိုင်များထံသို့ သွားရောက်ရောင်းချပြီး တစ်ပိဿာကို ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀) ထိ ရရှိကာ ဈေးကောင်းရရှိပြီး မိသားစုအပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။

နော်နော်မူ