ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ခင်ဒူယန်ကျေးရွာအုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း၌ ဖော်ထုတ်ပေးထား လျက်ရှိသော လယ်ယာမြေတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ စံကွက်ရိတ်သိမ်းခဲ့သည်။
စံကွက်မှတ်တမ်းများအရဒေသမျိုးခေါ် ဧည့်မထစော စပါးမျိုးဖြစ်ပြီး ၆.၆ x ၆.၆ ပေ စံကွက်အရ နို့ဆီဘူး ဆယ်ဗူး ထွက်ရှိ၍ တစ်ဧကပျှမ်မျှ အထွက်နှုန်း အစို ၇၈ တင်းထွက်ရှိ ခဲ့ကြောင်း၊ ဆက်လက်၍ဖော်ပြပါ လယ်ကွက်များတွင် ဆောင်းသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် စည်းရုံး ဟောပြောခဲ့ကြောင်း၊ ဆောင်းသီးနှံ အတွက် ဒေသအားလူး၊ ဆီမုန့်ညှင်း၊ ဖူးစာပြောင်းမျိုးစေ့များအား ပေးအပ်ခဲ့ကြောင်း သီးနှံအစိုက်စွမ်းအားတိုး တက်လာစေရန်နှင့် GDP ကဏ္ဍဖွံ့ဖြိုးလာစေရန်အတွက် ရှေ့ပြေးစံပြကွက်များ ပြုလုပ်ကာ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ကပြောကြားခဲ့သည်။ အဆိုပါ စံကွက်အား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်းထမ်းများ၊ သက်ဆိုင်ရာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)