လိပ်သိုမြို့တွင် ဒေသ၏ အဓိကထွက်ကုန် Robusta ကော်ဖီများ ဈေးနှုန်းမြင့်တက်ရရှိ

လိပ်သို ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ Robusta ကော်ဖီမျိုးများကို စီးပွားဖြစ် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

ယခုအခါ အဆိုပါ Robusta ကော်ဖီများမှာ ရင့်မှည့်ချိန်ရောက်ပြီဖြစ်၍ ဒေသခံများက ခူးယူကာ အစိမ်းလိုက်သော်လည်းကောင်း၊ နေလှန်းအခြောက်ခံ၍လည်းကောင်း၊ အခွံချွတ်၍ အစေ့အဖြစ် လည်းကောင်း၊ အမှုန့်ကြိတ်၍ ရရှိလာသော ကော်ဖီမှုန့်များကို ထုတ်ပိုး/ တံဆိတ်များကပ်၍ လည်းကောင်း ပြန်လည်ရောင်းချကြသည်။

လိပ်သိုမြို့တွင် ဖေဖော်ဝါရီလ ပထမအပတ်၌ ဆွတ်ခူးပြီး ကော်ဖီအစိမ်းတစ်ပုံးလျှင် (၆၀၀၀ဝိ/-) မှ (၇၀၀၀ဝိ/-) ကျပ်၊ နေလှန်းအခြောက်ခံပြီး အခွံပါကော်ဖီအခြောက်တစ်ပုံးလျှင် (၇၀၀၀ဝိ/-) မှ (၈၀၀၀ဝိ/-)  ကျပ်၊ အခွံချွတ်ပြီး အစေ့တစ်ပိဿာလျှင် (၃၀၀၀ဝိ/-) မှ (၃၅၀၀ဝိ/-) ကျပ်၊ ကော်ဖီမှုန့်တစ်ပိဿာလျှင် (၅၀၀၀ဝိ/-) မှ (၆၀၀၀ဝိ/-) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိနေပြီး ယမန်နှစ်ကထက် ဈေးနှုန်းပိုမိုမြင့်တက်ရရှိနေသဖြင့် ဒေသခံအချို့က လာမည့်မိုးတွင်းကာလ ကော်ဖီစိုက်ပျိုးရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြကြောင်း သိရသည်။  

ခင်လေးနွယ်