ခေါင်လန်ဖူး ဒီဇင်ဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီခန့်က ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခေါင်လန်ဖူးမြို့ စည်ပင်သာယာရေးစျေးအတွင်းရှိ ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချနေ သည့်ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရေးအတွက် Hand Speaker ဖြင့်စည်းရုံး လှုံ့ဆော်ခြင်း၊ Mask နှင့် Face Shiex ````ld များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းMask (၅၀၀)ခု၊ Face Shield (၅၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းအား နယ်မြေခံတပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးရဲဝေကျော်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာဂွမ်ဆိုင်းလီနှင့် ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ Mask Campaign ကို အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)