ကန်ပက်လက် ဒီဇင်ဘာ ၄
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ ခေါနူးစုမ်လမ်းမ၊စံပါယ်လမ်းနှင့် ချယ်ရီလမ်းဆုံ၌ ကန်ပက်လက်မြို့ သူနာပြု သားဖွားအသင်းမှ ယနေ့ နံနက် ၉ နာရီတွင် mask များအခမဲ့ ပေးဝေခဲ့ကြောင်းသိရသည်။
ကန်ပက်လက်မြို့၌ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် လူသွားလူလာများသည့် လမ်းဆုံနေရာများ တွင်မြို့နယ် သူနာပြုသားဖွားအသင်းက mask များအခမဲ့ ပေးဝေရာတွင် မြို့နယ် မိခင်နှင့်ကလေးအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီ မြို့နယ်အသင်းတို့က ပူပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
မြို့နယ်အဆင့် အနေဖြင့် မြို့ဝင်ဂိတ်ထားရှိပြီး ဌာနဆိုင်ရာစုပေါင်းစစ်ဆေးရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် စနစ်တကျစီစဉ်၍ (၂၄) နာရီ အလှည့်ကျ စနစ်ဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် မြို့အတွင်းဝင်ထွက် သွားလာကြသည့် လူပုဂ္ဂိုလ်များအား အပူချိန်တိုင်းတာ ပေးခြင်း၊ မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို (၇၂)နာရီ ကျော်ပါက အာခေါင် တို့ဖတ်ယူခြင်းတို့ကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)