စဉ့်ကိုင် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်နှင့်ဝန်ထမ်းများက မြို့နယ်ဥပဒေရုံးသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library)စနစ်ဖြင့် စာအုပ်၊စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်က မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းရန် မအားလပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုတိုးပွားလာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိနားလည်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သုတ/ရသစာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေရုံးမှ ဝန်ထမ်းများအား တစ်ဦးလျှင် စာအုပ်(၂)အုပ်ဖြင့် (၇)ရက်အကြာ ဖတ်ရှုနိုင်ကြောင်းနှင့် အသင်းဝင်အသစ်များကို အသင်ဝင်စာငှားကတ်များ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် အပတ်စဉ် လိုက်လံငှားရမ်းပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်း(အခမဲ့)အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)