ပလောက် ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်းရှိ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေး ဆရာမ ဒေါ်အိအိလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)