ငါန်းဇွန် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ပုညပါရမီဆွန်းလောင်းအသင်းမှ နှစ်စဉ်ကျင်းပလျက်ရှိသော မဟာစာရေးတံမဲ လောင်းလှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က (၄၁)ကြိမ်မြောက် မဟာစာရေးတံမဲ လောင်းလှူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာစာရေးတံမဲ လောင်းလှူပွဲအခမ်းအနားတွင် ပုညပါရမီဆွမ်းလောင်းအသင်းမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ပြည်သူများလှူဒါန်းကြသော လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ သံဃာတော်(၁၉၆)ပါးနှင့် သီလရှင်(၂၉)ပါးတို့အား မဟာစာရေးတံမဲလောင်းလှူပူဇော်ခဲ့ကြသည်။
ထို့နောက် ရွှေကျောင်းမြောက်တိုက်ဆရာတော် နာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ သီလခံယူဆောက်တည်ကြပြီး ဩဝါဒခံယူကာ ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)