မိုင်းယုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မိုင်းယု ဇန်နဝါရီ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို  စုံညီပွဲတော်ကို “လမ်းပြကြယ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက စုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်းနှင့်အတူ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်စာပေဆု၊ အားကစားဆု၊ ပညာရည်ချွန်ဆုနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကာယဉာဏပြိုင်ပွဲဆုများအား ကျောင်းသား၊ ကျောင်သူတို့ကို လည်းကောင်း၊ ကျောင်ဘက်စုံဖွံ့ဖြိုးရေအတွက် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာတို့အား တက်ရောက်လာကြသည့် အမှတ်(၂၂၆)ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများက ဂုဏ်ပြုဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်နှင့် တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုဖျော်ဖြေတင်ဆက် ကပြခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်