ကွန်ဟိန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-(၃) ဒေါ်ထွေးထွေးခိုင်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ရရှိပြီးလွတ်လပ်ရေး ရေရှည်တည်တံခိုင်မြဲအောင်ထိန်းသိမ်းတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကိုလေ့လာဖတ်ရူစေလိုကြောင်း၊ စာပေဖတ်ရူခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)