ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဥတ္တရသီရိ ‌ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဥတ္တရသီရိမြို့နယ် ဒုတိယပညာရေးမှူး ဦးညိုမင်းထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သစ်ဝင်တိုင်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်သည်။ ယင်းနောက် သစ်ဝင်တိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်စိုးက အဖွင့်အမှာစကား‌ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းယဉ်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညိုမင်းထွေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ သစ်ဝင်တိုင်း အခြေခံပညာ‌ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီ ဒေါ်စန်းစန်းယဉ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ရှိသူများက ပညာရည်ချွန်ဆု(၆၈)ဆု၊ EM သင်္ချာ၊ အင်္ဂလိပ်စာ ထူးချွန်ဆု ခြောက်ဆု၊ ကျောင်းတက်မှန်ကန်ဆု နှစ်ဆ၊ ဝန်ထမ်းထူးချွန်ဆု(သင်ကြားရေးထူးချွန်ဆု) တစ်ဆု၊ ဘက်စုံသင်ကြားရေးထူးချွန်ဆု တစ်ဆု၊ အားကစား(၁၀)မျိုး ပြိုင်ပွဲဝင်ထူးချွန်ဆု (၇၂)ဆု ရရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊  ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် သစ်ဝင်တိုင်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခရေပန်းကောက်၊ အပျိုပြန်းလေး အစရှိသဖြင့် သီချင်း(၁၉)မျိုးတို့ဖြင့် အခမ်းအနားတက်ရောက် လာကြသူများအား သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)