မိုင်းတုံမြို့တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆု‌ပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းတုံ ဇန်နဝါရီ  ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆု‌ပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အ.ထ.က မိုင်းတုံစာသင်ကျောင်းဝန်း၌ကျင်းပရာ ဆရာမများက “ဘက်စုံဂုဏ်ရည်ဒို့လှမ်ချီ”သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထင်ကျော်က အဖွင့်အမှာစကားပြောကြားခြင်း၊ မိုင်းတုံခရိုင်၊ ခရိုင်ပညာ‌ရေးမှူး ဦးမြတ်မိုးက ပညာရေးစုံညီပွဲတော်ပြုလုပ်‌ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်အဆင့်/မြို့နယ်အဆင့်ထူးချွန်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်အဆင့်/မြို့နယ်အဆင့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနင့် ခရိုင်/မြို့နယ်အဆင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ငွေသားဆု၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြောင်း သိရသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အခမ်းအနားတက်ရောက်လာကြသော မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထင်ကျော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်အားပေးခဲ့ကြသည်။ အခမ်းအနားကို "ထာဝရမြန်မာ"သီချင်းဖြင့် ၁နာရီ ၃၅ မိနစ်အချိန်တွင် ပိတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)