ဇေယျာသီရိမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇေယျာသီရိ ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြိုနယ် လေသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူလူငယ်များအား နှစ်စဉ်လွတ်လပ်ရေးနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေဖို့၊ လွတ်လပ်ရေးကို ရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးတွေရင်းနှီးပြီး အရယူခဲ့သည့်ဖြစ်စဉ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန် ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြ သထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)