ပုဗ္ဗသီရိမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပုဗ္ဗသီရိ ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိပြီး အစဉ်အောက်မေ့သတိရပြီး အနာဂတ်၏မျိုးဆက်သစ်လူငယ်များ အမျိုးကိုချစ်တဲ့စိတ်၊ မိမိဘာသာကိုယုံကြည်မှု၊ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းထားလိုတဲ့စိတ်များ မွေးမြူရမှာဖြစ်ပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန်ထက်သန်မှု သူ့ကျွန်မခံလိုသောစိတ်ဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုပမ်းခဲ့ပုံများ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြ သောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေးအေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား မူလတန်းပြဆရာမ ဒေါ်တင့်တင့်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်းနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)