လမ်းမတော်မြို့နယ်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

လမ်းမတော် ဒီဇင်ဘာ ၃၁

လမ်းမတော်မြို့နယ်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါကျောင်းရှိမြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အ.ထ.က(၂)လမ်းမတော် နှစ်(၁၀၀)ပြည့်အခမ်းအနားကို လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၂ ဦးလှသိန်း! လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်း! အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမော်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လစ်ပေးသည်။

ဆက်လက်ပြီး အ.ထ.က(၂)လမ်းမတော် အထက်တန်း၊ အလယ်တန်း ကျောင်းသား/ ကျောင်းသူများက အလယ်တန်းဆင့်ဂီတသင်ရိုးမှ "မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှသိန်းမှ ဂုဏ်ပြုစကားပြောကြားပြီး အ.ထ.က(၂)လမ်းမတော် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသမိုင်းကြောင်းနှင့် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။ ထို့နောက် ကျောင်းသား/သူဟောင်းများကိုယ်စား စွယ်တော်ရွက်အဖွဲ့ဒေါ်သန်းသန်းညွန့်မှ ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး Grade - 1 ကျောင်းသား/သူလေးများ၏ “နိုင်ငံချစ်သူ” ကဗျာအားရွတ်ဆိုဖျော်ဖြေကြသည်

 ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အလယ်တန်းအဆင့် ပထဝီဝင်ဘာသာရပ်သင်ရိုးမှ ASEAN နိုင်ငံများ အကြောင်း သင်ထောက်ကူပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများကဆုများ ချီးမြှင့်ကြသည်

Grade-3 ကျောင်းသား/သူလေးများက “ချစ်စရာတောသူလေးနှင့် ဝက်ဝံလေး" ကဗျာဖြင့် တေးသရုပ်ဖော်တင်ဆက်ကပြခြင်း၊ Grade-4 ကျောင်းသား/သူလေးများက“ဂျိမ်းဖော” သီချင်းဖြင့် ကပြဖျော်ဖြေခြင်းအလယ်တန်းကျောင်းသူလေးများက “ရှမ်းရိုးမကအိုးစည်သံ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်းထက်၊ လယ်ကျောင်းသူများက အလယ်တန်းဆင့်ဂီတသင်ရိုးမှ “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ထက်တန်း၊ အလယ်တန်းကျောင်းသားများက အလယ်တန်းဆင့်ဂီတသင်ရိုးမှ “ဆုကြီးပန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်