၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၃၀

ဗိုလ်တထောင်ခရိုင်၌ တတိယအကြိမ် Micro မာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၉) ရပ်ကွက်သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတွင် ကျင်းပခဲ့ရာ အဆိုပါ Micro မာရသွန်အပြေးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွန်ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြေးပြိုင်ပွဲတွင် အသက်အုပ်စုအလိုက် အမျိုး သား/အမျိုးသမီး၊ အသက် (၈)နှစ်မှ (၁၂)နှစ်၊ အသက်(၁၃) နှစ်မှ (၁၈)နှစ်အထိ၊ အသက် (၁၈) နှစ် အထက်တို့ဖြစ်ကြပြီး ပြိုင်ပွဲဝင် စုစုပေါင်း (၁၁၆၇ )ဦး ဝင်ရောက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

ဝန်ကြီးများရုံး၊ သိမ်ဖြူလမ်းဝင်ပေါက် (၁) နှင့် (၂) ကြား​နေရာမှစ၍ ပြိုင်ပွဲဝင်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက (၀၆း၀၀)အချိန်တွင် သေနတ်ပစ်ဖောက် ဖွင့်လှစ်တာလွတ်ပေးခဲ့သည်။

ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်၍ ဆုများကို တာဝန်ရှိသူအသီးသီးမှ ပေးအပ်ကြရာ အသက်အကြီးဆုံး ပြိုင်ပွဲဝင် ၄ ဦးအနက် အသက် ၈၂ နှစ်ရှိ ဒေါ်တင်ပုအား (၂၀၀၀၀၀ိ/-)ကျပ်၊ အသက် ၆၀ နှစ်နှင့်အထက် အမျိုးသား (၂)  ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၃)ဦးအား (၁) ဦးလျှင်( ၇၀၀၀၀ိ/-)ကျပ်ဖြင့် (၂၁၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၁၀၀၀၀ိ/-) ကျပ်အားလည်းကောင်း၊ အုပ်စု(၃)စု၊ အတန်း(၆)တန်း အမျိုးသား/အမျိုးသမီးအတွက် ဆုချီးမြှင့်ငွေ ပထမဆု ( ၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု (၁)သိန်း၊ စတုတ္ထဆု(၇)သောင်း၊ ပဉ္စမဆု (၅)သောင်း၊ နှစ်သိမ့်ဆု (၁၀)ဆုအား တစ်ဆုလျှင် (၂)သောင်းကျပ်နှုန်းဖြင့် (၂)သိန်းကျပ်၊ ပထမဆုချီးမြှင့်ငွေ စုစုပေါင်း (၁၈၀၀၀၀၀ိ/-)ကျပ်၊ ဒုတိယဆုချီးမြှင့်ငွေ စုစုပေါင်း (၁၂၀၀၀၀၀ိ/-)ကျပ်၊ တတိယဆုချီးမြှင့်ငွေ စုစုပေါင်း(၆၀၀၀၀၀၀ိ/-) ကျပ်၊ စတုတ္ထဆု ချီးမြှင့်ငွေ စုစုပေါင်း(၄၂၀၀၀၀ိ/-)ကျပ်၊ ပဉ္စမဆု ချီးမြှင့်ငွေ စုစုပေါင်း (၃၀၀၀၀၀ိ/-)ကျပ်၊ နှစ်သိမ့်ဆုချီးမြှင့်ငွေ စုစုပေါင်း (၁၂၀၀၀၀၀ိ/-)ကျပ်၊ အဆင့် ၁၆ မှအဆင့် ၂၀ အထိ ၃၀ ဦး အတစ်ဦးလျှင် (၁၅၀၀၀ိ/-)ကျပ်ဖြင့် စုစုပေါင်း (၄၅၀၀၀၀ိ/)ကျပ်၊ ဆုမရပန်းဝင်သူ (၉၀၀) ဦးအားတစ်ဦးလျှင် (၅၀၀၀ိ/)ကျပ်နှုန်းဖြင့် (၄၅၀၀၀၀၀ိ/-)ကျပ်ဖြင့် ဆုများအား အဆင့်အလိုက် အသီးသီး ချီးမြှင့်ခဲ့ကြပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်၍ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Micro မာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား (၀၈း၃၅ )အချိန်တွင် အောင်မြင်စွာ ပြီးမြှောက်ခဲ့ကြောင်း သတင်းရသည်။

ခင်ဝင်း (ပြန်/ဆက်)