မက်မန်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ ဝင်စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်မည့်အသင်းများက အလှည့်ကျမဲနှိုက်၍ ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် လေးယောက်နှုန်းဖြင့် ပြိုင်ပွဲဝင်အသင်း (၇) သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် အသင်များကို (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုများအသီးသီး ပေးအပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇက်ထွန်း(ပြန်/ဆက်)