မိုင်းပျဉ်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့မဈေးအနီးရှိ ပိုက်ကျော်ခြင်းကွင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ရဲမှူးသက်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို အုပ်စုအသင်းအလိုက် စတင်ယှဉ်ပြိုင်ကစားကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊ မြို့ပေါ်နှင့်ကျေးရွာလူငယ်များ၊ ပညာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၄)သင်းတို့က ပွဲစဉ်အလိုက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး (၃၀-၁၂-၂၀၂၄)ရက်နေ့မှ (၄-၁-၂၀၂၄)ရက်နေ့အထိ (၆)ရက်ကြာယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် ကြည့်ရှုအားပေးကြသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)