ငမိုးနဲမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆင်တောင်(လွိုင်စန့်)ဘုရားစေတီ ရှေးမူမပျက် ပြုပြင်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိုးနဲ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆင်တောင်(လွိုင်စန့်) ဘုရားစေတီရှေးမူမပျက် ဘက်စုံပြုပြင်နိုင်ရေးအတွက် ရှမ်းပြည်နယ်‌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဘုန်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးတိုးလှနှင့် ဆင်တောင်(လွိုင်စန့်) ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ကြီးကြပ်‌ရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းမောင်ကြီးတို့က ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီအချိန်တွင်  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းမောင်ကြီးတို့က ဆင်တောင်ဘုရားမြေထိန်းနံရံဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာငွေစုဆောင်ထားရှိမှုနှင့် ဆက်လက်ဆောင်‌ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်‌ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘုန်းကျော်က ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေးအတွက် လို‌အပ်သောနည်းပညာ၊ ပညာရှင်များနှင့်ပေါင်းစပ်၍ အမြန်ဆုံးပြုပြင် နိုင်ရေးကြီးကြပ်ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ(ပြန်/ဆက်)