တပ်ကုန်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာစံရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community  Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဦးတည်ချက်များ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအား ဟောပြောခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် ပုံပြော၊ ကဗျာရွတ်၊ ပန်းချီ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဆုရရှိသူများနှင့်ပြိုင်ဝင် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးအောင်နှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုလက်ဆောင် လက်ဆွဲခြင်း၊ ထမင်းချိုင့်၊ ဇွန်း၊ ခရင်း၊ ရေဗူးတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အားကစားပြိုင်ပွဲများတွင် ခါးလှည့်၊ ပူစီဖောင်းညှပ်၊ အာလူးကောက်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသားမိဘများ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်