တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

တန့်ယန်း ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲအား မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိ ဆရာ၊ ဆရာမများက ကြီးကြပ်၍ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၉) ဦး၊ ကဗျာပြိုင်ပွဲတွင် (၁၀) ဦး၊  အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၅) ဦး၊ ကဗျာပြိုင်ပွဲတွင် (၄) ဦး၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၂) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)