ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား ကျေးရွာကော်မတီသို့လွှဲ ပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် ခရစ္စမတ်ပွဲတော်တက်ရောက်ခြင်းနှင့် MSME လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပူတာအို ဒီဇင်ဘာ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဉီးကျော်မင်းခိုင်တို့သည် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးရန်နိုင်လွင်နှင့်အတူ ယမန်နေ့ နံနက်(၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား ကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဉီးကျော်မင်းခိုင်တို့က ပူတာအိုခရိုင်အတွင်း ပထမအဆင့်အနေဖြင့် ပူတာအိုဒေသ ဆန်စပါးဖူလုံရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ယခုနှစ်မှစတင်ပြီး "ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့ ဒီ(၃)နှစ်မှာ ကြိုးစားစို့" ဆောင်ပုဒ်ဖြင့် ပူတာအိုခရိုင်အတွင်း စားသုံးဆီဖူလုံရေးအတွက် ရည်ရွယ်ချက်ချမှတ်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားကိစ္စရပ်များ တင်ပြရန်ရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြနိုင်​ကြောင်း အမှာစကားပြောကြားကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်က လုပ်ငန်းရှင် ဉီးသိုက်ရွှေ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၁၈) တန်ကျ ဆန်စက်တည်ဆောက်ရေးလုပ်ငန်းအတွက် မတည်ရန်ပုံငွေကျပ် (၅၀) သန်းကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဉီးကျော်မင်းခိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီမုန်ညှင်းစိုက်ခင်းဆောင်ရွက်မည့် တောင်သူများသို့ကျပ်(၅၂.၉၅)သန်းကိုလည်းကောင်း လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများသည် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းက ပူတာအိုခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များကိုလည်းကောင်း မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဉီးမဖန်းဆင်ဆုန်းက တိုင်းရင်းသားကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက တင်ပြချက်များ အပေါ်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးရန်နိုင်လွင်က ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဉပဒေ၊ နည်းဉပဒေများ စာအုပ်ပေးအပ်လှူဒါန်းရာ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဉီးမဖန်းဆင်ဆုန်းနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ်အတွင်း ပူတာအိုဒေသ ဆန်စပါးဖူလုံသည့် အထိမ်းအမှတ်အနေဖြင့် အောင်ပွဲမနောအက ဆင်နွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကြိုတင်ပြင်ဆင်ရမည့် အပိုင်းများအား လမ်းညွန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ Myanmar Good Newsအသင်းတော်မိသားစု ခရစ္စမတ်ပွဲသို့ တက်ရောက်ချီးမြှင့်ပြီး ကလေးသူငယ်များ၏ ခရစ္စမတ်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးများက ကချင်ပြည်နယ်အစိုးရအဖွဲ့က ခရစ္စမတ်ပွဲတော်အတွက် လှူဒါန်းငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းတွင် စိုက်ပျိုးရေးဉီးစီးဌာနက ၂၀၂၄ ခုနှစ် ဆောင်းပဲပုပ်စိုက်ခင်း လယ်သီးထပ်(၄)ဧကနှင့် ဆီမုန်ညှင်းစိုက်ခင်းလယ်သီးထပ်(၃)ဧကတွင် ဆီမုန်ညှင်းနှင့် ဆောင်းပဲပုပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်စိုက်ပျိုးရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဉီးမြင့်ထွေး၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်တွင် MSME တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သော "စူပါဝမ်း" ဝါးတူလုပ်ငန်းနှင့် "ရွှေတောင်" ခေါက်ဆွဲလုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးများသည် ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ခရိုင်ပညာရေးကော်မတီဉက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)