မြင်းခြံ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ကုက္ကိုတောရ ပရိယတ္တစာသင်တိုက်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ စာအောင်ဆုနှင်းသဘင်ပွဲကို ယနေ့ နံနက် (၈) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကုက္ကို တောရ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဦးပဏ္ဏဝံသနှင့် ရွှေဘုံသာ ပရိယတ္တိစာသင်တိုက် ကျောင်းအုပ်ဆရာတော် ဦးခေမာစာရတို့မှ ဩဝါဒများ မိန့်ကြားခဲ့သည်။ ထို့နောက် အဘိဓမ္မာပြန့်ပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်အိမ်ကြည်မှ ဆုနှင်းသဘင် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာအောင်ဆုရရှိသူများအား ကုက္ကိုတောရ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဦးပဏ္ဏဝံသနှင့် သံဃာတော်များ၊ တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ရာ ဆုရရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)