ဆီဆိုင်မြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ

ဆီဆိုင်  ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာဖတ်ဝိုင်းကို ယနေ့နံနက် ()နာရီအချိန်က  ပါလောပါကယ်ကျေးရွာအုပ်စုရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)မှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဝေဝေအောင်က အမှာစကားပြောကြားပြီး မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့် စာရိတ္တ”၊ “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ “လူငယ်နှင့် ရည်မှန်းချက်” စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့အပြင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်၍ နယ်လှည့်စာဖတ်ဝိုင်းအားကျင်းပပေးရာ တက်ရောက်လာသည့်  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဆိုက်ခေါင်)မှ သင်တန်းသူတို့က မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်/စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြပြီး မိမိတို့ဖတ်ရှုခဲ့သည့် စာအုပ်များထဲမှ ပါဝင်သည့်အကြောင်းအရာများအား ပြန်လည်ဆွေးနွေးကြကာ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)