မိုင်းယန်း ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာရှိ သဲထုတ်လုပ်ငန်းဆောင်ရွက်သည့် နေရာများသို့ ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်း၊ မိုင်းလွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံရပ်ကျေးစာရေးများတို့က သဲထုတ်သည့်လုပ်ငန်းဆောင်ရွက်သည့် နေရာများအား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်ရောင်းချရာတွင် သတ်မှတ်ထားသည့် နေရာ၊ အတိုင်းအတာထက်ကျော်လွန်၍ ထုတ်လုပ်ခြင်း၊ သယ်ယူသွားလာခြင်းများ မပြုလုပ်ကြရန် မှာကြားလမ်းညွှန်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)