မိုင်းဆတ်မြို့၌၂၀၁၉-၂၀၂၀ပညာသင်နှစ်အခြေခံပညာအထက်တန်းကျောင်းပညာ ရေးစုံညီပွဲတော် ကျင်းပ

မိုင်းဆတ်   ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှေ့တွင်၂၀၁၉-၂၀၂၀ပညာသင် နှစ်ဆရာ၊ ဆရာမကျောင်းတက်မှန်ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ပညာရေး စုံညီပွဲတော် နှင့်ပညာရေချွန် ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အ.ထ.ကကျောင်းစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို အဋ္ဌမတန်းကျောင်းသား၊ကျောင်းသူလေးများက“စည်းလုံးစို့လေ သွေးချင်းမြေ” တေးသီချင်းသီဆိုဖွင့်လှစ်ပေးခဲ့ကြပြီး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက.ထ.က စုံညီပွဲတော်မှာ အဖွင့်အမှာစကားပြောကြားခွင့်ရတဲ့ အတွက်ဝမ်းမြောက်ကြောင်း၊ မိမိတို့နိုင်ငံ ဟာဘက်စုံ ဖွင့်ဖြိုးတိုးတက်အောင်အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုလိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်နေရာတွင် ပညာရေး ကဏ္ဍဟာ အခြေခံကျတဲ့ အခန်းကဏ္ဍမှာပါ ဝင်ကြောင်း၊ မိမိတို့နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ဖို့အတွက်နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးရာ မွေးမြူပေးရာဌာန ဟာပညာရေးဌာန ဖြစ်ကြောင်း၊ ယခုပွဲမှာဆုရရှိတဲ့ကျောင်းသား၊ ကျောင်းသူများဟာဆုမရရှိတဲ့ ကျောင်းသူ၊ ကျောင်းသား များရဲ့အတုယူစရာစံပြကျောင်းသူ၊ ကျောင်းသားများဖြစ်ကြောင်းပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးဒေါ်မင်းမင်းဦးက ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ အလှူရှင်များအား အဖက်ဖက်က ဝိုင်းဝန်းကူညီပံ့ ပိုးပေးကြတဲ့ အတွက် ကျေးဇူးတင်ကြောင်း၊  ကျောင်းအကျိုးတော် ဆောင်များ၊အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းများပေးအပ်သွားမည် ဖြစ်ကြောင်းပြောကြားပြီးကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများလည်းရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက်ကျောင်း၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် ကျောင်းတက်မှန်သော ဆရာ၊ ဆရာမများအားနယ်မြေခံ တပ်နယ်မှဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီးစုံညီပွဲတော်ဖြစ်မြောက်ရေးအလှူငွေကျပ် (၁)သိန်းအား ကျောင်းအုပ် ဆရာမကြီး ဒေါ်မင်းမင်းဦးက လက်ခံရယူကာပညာ ရည်ချွန်ထူးချွန်ဆုများ၊ အားကစား ထူးချွန် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ တက်ရောက်ကြပြီး မိုင်းဆတ်မြို့နယ် အတွင်းရှိကျောင်းများမှကျောင်းသား၊ ကျောင်းသူများ က အကပဒေသာများဖြင့် ဖျော်ဖြေကြကာ အခြေခံပညာအထက် ကျောင်းစုံညီပွဲတော် ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

မြင့်မောင်