ကျွန်းစုမြို့၌ ဒီဇင်ဘာ လူထုအားကစားလ စု‌ပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာလူထု အားကစားလ စု‌ပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌မန်နေ့ ညနေပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ စု‌ပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ နောက်ဆုံးအပတ် စနေနေ့ မနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများဖြင့် စည်းကားစွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပျော်ရွင်စရာ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးတို့ကို ‌ပြောကြားခဲ့ပြီး ကော်မတီအသီးသီးမှ ကျင်းပမည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)