မြစ်သား ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ ဘူတာအ.မ.ကကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့မွန်းလွဲပိုင်းက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းမှ ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများကို တကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ဆောင်းရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေး၊ သောက်ဆေး၊ လိမ်းဆေးပေးခြင်းများကို ကုသပေးခဲ့သည်။
မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကုသပေးစနစ်ဖြင့် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများကိုလည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းထံမှ သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)