မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု နားခံကမ္မဌာန်းကျောင်းရှိ မိဘမဲ့ကလေးငယ်များအား စုပေါင်းလှူဒါန်းပစ္စည်းများ ပေးအပ်

မိုးနဲ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု နားခံကမ္မဌာန်းကျောင်းရှိ မိဘမဲ့ကလေးငယ်များ အဆင်ပြေစေရေး နားခံကျေးရွာအုပ်စုမှ စုပေါင်းလှူဒါန်းပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြသည်။

သွားရောက်လှူဒါန်းရာတွင် နားခံရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာရပ်/ကျေးစာရေးနှင့် ရပ်မိရပ်ဖများစုပေါင်းကာ သွားရောက်၍ ဒီဇယ် ၂.၆ဂါလန်၊ ဂေါ်ပြား၊ တံမြတ်စည်း(ချော/ကြမ်း)၊ အမှိုက်အိတ်(ကြွပ်ကြွပ်အိတ်)၊ စားဆီ(ပုဇွန်ဆီပုံး)၊ အိုင်အိုဒင်းဆား(အိတ်ကြီး)၊ ဟင်းချိုမှုန့်၊ အာလူး၊ ပဲကြာဇံ(ပိဿာထုတ်)၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကုလားပဲ၊ ကြက်ဉ၊ ခနောကြက်သားမှုန့်(ကြီး)၊ ငါးခြောက်၊ ပဲပုပ်နှင့်မိုးနဲဈေးအတွင်းရှိ ဈေးသည်(၁)ဦးမှ ပလာတူးငါးခြောက်များ စုပေါင်းငွေကျပ် ကိုးသိန်းခြောက်သောင်းနှစ်ထောင်ကျပ်တိတိကို ဝယ်ယူလှူဒါန်းခဲ့ကြရာ ကမ္မဌာန်းကျောင်းတာဝန်ရှိသူမှ လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ဦးဇင်ကိုကို